ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အတွင်းရှိ တောင်သူများအား အော်ဂဲနစ် လယ်ယာသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စည်းရုံးဆောင်ရွက်ပြီး စိုက်ပျိုးရေးထုတ်ကုန်များကို အကျိုးတူလယ်ယာစနစ်ဖြင့် ဈေးကွက်တင်ပို့နိုင်ရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေး၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး၊ မြို့တော်ခန်းမဝင်းအတွင်း ပြခန်းများ တည်ဆောက်နေမှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ် လက်ရွေးစင်အားကစားသမားများအား တွေ့ဆုံ၊ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ ပေးအပ်၊ မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ် မသန်စွမ်းအားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေး