လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တောင်ကြီးမြို့အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ပရဟိတဂေဟာများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်း ပရဟိတတပ်ဦးကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော်အား ဖူးမြော်၊ လှူဖွယ်ပစ္စည်းများဆက်ကပ်၊ ကျောင်းတိုက်ရှိ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၊ မသန်စွမ်းသူများအား မှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူး ပရဟိတကျောင်းသို့ ရောက်ရှိကာ ဂေဟာအုပ်ချုပ်ရေးမှူးက မသန်စွမ်းနှင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ကလေးသူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု ကြည့်ရှု၊ ကလေးသူငယ်များအား တွေ့ဆုံနှုတ်ဆက်