ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မန္တလေးမြို့ရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသား/ကျောင်းသူများအား "တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှုအန္တရာယ်" နှင့် "နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ" ဆွေးနွေးပွဲသို့တက်ရောက်၊ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား MRTV DTH စလောင်း(၅)စုံနှင့် DVB T2 Top Box အလုံး(၁၀၀)တိုကို ကံစမ်းမဲဖောက်ပေး၊ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၊ Mingalar Mandalay Shopping Complex ရှိ Lotus Plaza ဧရိယာတွင် New Starlight Group Of Companies မှ တရုတ်ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် စတုဒိသာလှူဒါန်းခြင်းအစီအစဉ်သို့ တက်ရောက်၊ Shopping Centre များ၊ Recreation Zone များသို့ ပြည်သူများ လာရောက်ဝယ်ယူအားပေးနေမှုများ ကြည့်ရှု